ချောင်းဦးမြို့၌ နု-ကြည် ဖောင်ဒေးရှင်း ထာဝရပညာရေးငွေပဒေသာပင်အတွက် သိန်း(၄၀ဝ)ကျပ် မတည်လှူဒါန်းပွဲ ကျင်းပ

ချောင်းဦး  ၂၄   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၌ နူ-ကြည် ဖောင်ဒေးရှင်း ထာဝရပညာရေး ငွေပဒေသာပင်အတွက် သိန်း(၄၀ဝ)ကျပ် မတည်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 

၁

 

ပညာရေးငွေပဒေသာပင် လှူဒါန်းပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းတို့မှ အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် နု-ကြည် ဖောင်ဒေးရှင်း ထာဝရပညာရေး ငွေပဒေသာပင်အတွက် သိန်း(၄၀ဝ)ကျပ် လှူဒါန်းမှုနှင့်စပ်လျဉ်း၍ အလှူရှင် ဦးကြည်မောင်  စိုက်ပျိုးရေး မန်နေဂျာ(ငြိမ်း) နှင့်  ဒေါ်တင်နု (တရားလွှတ်တော်ရှေ့နေ) တို့မှ ရှင်းလင်း ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ချောင်းဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးအောင်မင်း က ဘဏ်စည်းကမ်း အား ရှင်းလင်းပြောကြားပြီး၊ ဦးကျော်မြင့်သိန်း (ကျောင်းကော်မတီ ဥက္ကဌ)က နူ-ကြည် ဖောင်ဒေးရှင်း ကော်မတီဖွဲ့စည်းမှုကို ဆွေးနွေးကာ အလှူရှင် ဦးကြည်မောင်  စိုက်ပျိုးရေး မန်နေဂျာ (ငြိမ်း)  နှင့်  ဒေါ်တင်နု (တရားလွှတ်တော်ရှေ့နေ) တို့မှ ထာဝရပညာရေး ငွေပဒေသာပင် သိန်း(၄၀ဝ)ကျပ် ကို လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန် က လက်ခံ ရယူခဲ့ကြောင်း သိရသည်။

 

ပညာသင်ဆုကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်အများဆုံး ရရှိသူ တစ်နှစ်လျှင် တစ်ဦးရွေးချယ်မှာဖြစ်ကြောင်း၊ ရွေးချယ်ခံရသူသည် မိမိကြိုက်နှစ်သက်သည့် တက္ကသိုလ်တွင် ပညာသင်ယူနိုင်ကြောင်း၊ မိမိတက်ရောက် သည့် တက္ကသိုလ်မှ ဘွဲ့ရသည်ထိ တစ်လလျှင် ငွေကျပ် (၅၀ဝ၀ဝိ/-) ပေးမှာဖြစ်ကြောင်း၊ ပညာသင်ယူစဉ် စားမေးပွဲကျပါက ကျသည့်နှစ်မှစ၍ ပညာသင်ဆု ပေးအပ်ခြင်းကို ရပ်ဆိုင်းမှာဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ပြီး ချောင်းဦးမြို့နယ်အတွင်းရှိ (အ.ထ.က)၊ (အ.ထ.က-ခွဲ ကျောင်း)၊ (အ.လ.က)၊ (အ.လ.က-ခွဲ ကျောင်း)များတွင် ၈ တန်း မှ ၁၀ တန်း(တက္ကသိုလ်ဝင်တန်း)ထိ ပညာသင်ကြားရမှာ ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နောက်ပိုင်းတွင် တက္ကသိုလ်ဝင်တန်း မရှိတော့ဘဲ (KG+12) (ပညာရေးစနစ်သစ်) ၁၂ တန်းဖြစ်ပါက ၁၂ တန်း အတန်းတင် စာမေးပွဲမှ တစ်မြို့နယ်လုံးတွင် အမှတ်အများဆုံးရရှိသူဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်မှ နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းရန် ရည်ရွယ်ကြောင်း၊ အလှူရှင် ဦးကြည်မောင်  စိုက်ပျိုးရေး မန်နေဂျာ (ငြိမ်း)  နှင့်  ဒေါ်တင်နု (တရားလွှတ်တော်ရှေ့နေ) တို့မှ ပြောပြသည်။

 

အိအိအောင်(ချောင်းဦး)