ချောင်းဦး   ၂၆  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ သိုင်းအားကစားအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် သိုင်းအားကစားပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုနှင့်အတူ အောင်ပွဲရအားကစားသမားများ ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ချောင်းဦးမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့၌ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ကြိုဆိုရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အား/ကာဦးစီးမှူး ဦးသန်းအောင် ဦးဆောင်သော တံခွန်စိုက် ဒိုင်းဆုရအားကစားများကို မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်၊ ချောင်းဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။

အဆိုပါ တံခွန်စိုက်ဒိုင်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တံခွန်စိုက်ဒိုင်းဆုနှင့်အတူ အောင်ပွဲရ အားကစားသမား ၃၅ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ပေါင်းများစွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)