ချောင်းဦး ၂၁  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၌ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဆိုင်းဘုတ် တင်ခြင်းနှင့် ရုံးခန်းဖွင့်လှစ်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်း အတွင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

963

 

ရုံးခန်းဖွင့်ပွဲကို ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လေးမြင့် နှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်လေးတို့မှ ဖဲကြိုဖြတ်ဖွင့်လှစ်ပေးပြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

963258

 

အိအိအောင်(ချောင်းဦး)

 

582301