ချောင်းဦး   ၂၃  ဖေဖော်ဝါရီ

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာငွေတိုက် ထူထောင်ရေး ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဘူတာကျေးရွာရှိ ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဆရာဦးထွန်းပေါ ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း) စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း (စိုက်ပျိုးရေးဦးစီးဌာန)မှ ငွေချေးခြင်းနည်းလမ်းနှင့် ငွေချေးခြင်းလုပ်ငန်း သတိပြုဆောင်ရွက်ရန် လိုအပ်ချက်နှင့် အကျိုးကျေးဇူး များကို ဆွေးနွေးပြောကြားပြီး ကျေးရွာသစ်ငွေတိုက်ကော်မတီ(SMGC)မှ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာရင်းဇယား စနစ်တကျ ပြုလုပ်ထားရှိမှုနှင့် ကျေးရွာငွေတိုက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။

 

3618

 

ပညာပေးဆွေးနွေးပွဲသို့ ဆရာဦးထွန်းပေါ (ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း) ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၊ ကျေးရွာတာဝန်ခံ လ/ထဦးစီးမှူး ဦးအောင်ဆွေဦးနှင့် ကျေးရွာသစ်လှုပ်ရှားမှ ကော်မတီ(SMUC) ကျေးရွာသစ်ငွေတိုက်ကော်မတီ(SMGC)မှ အဖွဲ့ဝင်များနှင့် ဘူတာကျေးရွာရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)