ချောင်းဦး ၂၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ ဆင်မြေကျေးရွာ၌ ရွေ့လျား၀န်ဆောင်မှုလုပ်ငန်းကို ဇွန် ၂၅ ရက်၊ နံနက် ၉ နာရီအချိန်က ဆင်မြေကျေးရွာ လေသာဘုန်းတော်ကြီးကျောင်းတိုက် အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော် တို့က လိုက်ပါပြီး မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာကျော်ထွန်းဦး နှင့် ကျန်းမာရေး၀န်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြို့နယ်အလုပ်သမားလူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးထွန်းအောင် နှင့် ၀န်ထမ်းများက အိမ်ထောင်စုဇယားပျောက်ဆုံး၊ ပျက်စီးနှင့် မွေးဖွားမှုအတွက် အိမ်ထောင်စုစာရင်း ထည့်သွင်းပေးခြင်း၊ ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှ ဒု-ရဲမှူး အေးထွန်း က လူကုန်ကူးမှု မဖြစ်စေရေး၊ မှု့ခင်းကျဆင်းရေးတို့ကို ပညာပေးဆွေးနွေးခြင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးအောင်ဆွေဦး က လယ်ယာမြေစီမံခန့်ခွဲမှု နှင့် ဥပဒေများအကြောင်း ရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာကျော်ထွန်းဦးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် လ.၀.က ဦးစီးမှူး ဦးစိုးထွန်းအောင် နှင့် ၀န်ထမ်းများ၊ ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဒု-ရဲမှူး အေးထွန်း နှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးအောင်ဆွေဦး နှင့် ၀န်ထမ်းများ၊ ငါးလုံးတင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင့် နှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


