ချောင်းဦး     ၁၆   ဒီဇင်ဘာ 

 

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်စံပြကျေးရွာတွင် ရွှေမြင့်မိုရ်ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှု၊  ထိုင်ဝမ်နိုင်ငံ ချိကျီဖောင်ဒေးရှင်းတို့၏ မတည်လှူဒါန်းမှုတို့ဖြင့် “ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံကြီး၌ မစ္စတာချမ်း ဦးဆောင်သော ထိုင်ဝမ်နိုင်ငံ မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မျက်စိဝေဒနာရှင်များကို အရင်ရောက်သူ အရင်ပြစနစ်ဖြင့် (၁၃၈၁ ခု၊ နတ်တော် လပြည့်ကျော် (၈) ရက် မှ (၉)ရက်နေ့အထိ) ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ကုသိုလ်ဖြစ် (အခမဲ့) ခွဲစိတ်ကုသ ပေးသွားမည် ဖြစ်ကြောင်း ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံ တာဝန်ခံ ဒေါက်တာ ကျော်သူထက် ထံမှ သိရသည်။

 

8522

 

မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုခြင်းမှာ ယခုအကြိမ်သည် ၉ ကြိမ်မြောက်ဖြစ်ပြီး လာရောက် ကုသမှုခံယူကြသည့် မျက်စိဝေဒနာရှင်များအတွက် စားသောက်ရေး၊ နေထိုင်ရေးများကိုလည်း စီစဉ် ထားရှိပြီးဖြစ်ကာ တစ်ကြိမ်လျှင် မျက်စိခွဲစိတ်ဝေဒနာရှင် (၂၀ဝ) ဦး ခွဲစိတ်ပေးခဲ့ရကြောင်း၊ ရွှေမြင့်မိုရ် ဆရာတော် အရှင်ဝိသုတက ပြောပြခဲ့သည်။

 

963.

 

အိအိအောင် (ချောင်းဦး)

 

93