ချောင်းဦး ၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာရှိ တောင်သူဦးလှဝင်း၏ ကွင်းအမှတ် ၁၉၈၃-က ဦးပိုင်-၂၉ တွင် DOA နှင့် DAR တို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း ဂျုံမျိုးများဖြစ်သော Yezin_12၊ Reedling၊ SAWYT_203၊ HTWSN_50၊ SAWYT_143၊ SAWYT_204 ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ကို မတ် ၉ ရက် နံနက် ၉ နာရီက ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြသပွဲတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ဂျုံမျိုးများအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ် ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ကြူကြူဝင်းက စမ်းသပ်ကွက်၏ တွေ့ရှိချက်များအား ရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ၊ တက်ရောက်လာသည့် တောင်သူများမှ မျိုးယှဉ်ပြိုင်စမ်းသပ်ထားသော ဂျုံမျိုးများအနက် မိမိကြိုက်နှစ်သက်သောမျိုးများကို ရွေးချယ်ပေးခဲ့ကြကြောင်း သိရှိရသည်။ ကွင်းသရုပ်ပြသရာသို့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ၊ မှန်ချိုကျေးရွာရှိ တောင်သူများ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး) (ပြန်/ဆက်)
