ချောင်းဦး ၂၀ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာတွင် တည်ရှိသော လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ ယနေ့နံနက်ပိုင်းက နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးတင်မောင်အေးထူးနှင့်တာဝန်ရှိသူများရောက်ရှိလာပြီး ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ ရေအသုံးချသူများအဖွဲ့(WUG)ကိုဖွဲ့စည်းပေးခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဒုတိယညွှန်ကြားရေးမှူးဦးသိန်းမြင့်က ရေအသုံးချသူများ အဖွဲ့ဖွဲ့စည်း ပေးရခြင်း၏ ရည်ရွယ်ချက်၊ ရေသုံးစွဲနေသူများ အချင်းချင်း အငြင်းမပွားစေရန်နှင့် ရေအသုံးချမှုကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်ကြရန်ဖြစ်ကြောင်း၊နောင်အခါအသင်းအဖြစ်ဖွဲ့စည်းပြီးတရားဝင်မှတ်ပုံတင်ကာလုပ်ပိုင်ခွင့်များရရှိအောင်ပြုလုပ်ကြရမည်ဖြစ်ကြောင်းပြောသည်။
သုံးပန်လှကျေးရွာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို၂၀၀၃ခုနှစ်မှစတင်ခဲ့ပြီးကမ်းနားရေတင်စနစ်နှင့်ပင်မရေတင်စနစ်နှစ်မျိုး၊ရေတင်စက်ရုံနှစ်ရုံထားရှိကြောင်း၊မြစ်ရေတင်လုပ်ငန်းဧရိယာ(၁၀၀၀)ဧကရှိပြီးလက်ရှိတောင်သူ ၁၂၀ ၏ စပါးစိုက်ဧက(၇၅၀)နှင့်အခြားသီးနှံစိုက်ဧက(၁၀၀)ခန့်ရေသုံးစွဲနေကြောင်း၊အခုရေအသုံးချသူများအဖွဲ့ဖွဲ့စည်းပေးတာကလည်းရေသုံးစွဲနေသူအချင်းချင်းအငြင်းပွားမှုမဖြစ်ပေါ်စေရေးနဲ့ရေအသုံးချနေသူများကိုယ်တိုင်စီမံခန့်ခွဲနိုင်မှုရှိလာအောင်ဖြစ်ကြောင်းစစ်ကိုင်းတိုင်းဒေသကြီးတိုင်းဦးစီးမှူးဦးသိန်းမြင့်ထံမှသိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)


