ချောင်းဦး ၃၀   စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ အားကစားအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို အနော်ရထာခန်းမတွင် စက်တင်ဘာလ(၃၀) ရက်၊ နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

လှူဒါန်းပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်တို့က အမှာစကားပြောကြားပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူမြင့်က အားကစားပစ္စည်းများ လှူဒါန်းရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးသည်။

 

၅

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့မိမြို့ဖ ဥက္ကဌ ဦးညိုညိုသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်သိန်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချိန်နှင့် မြို့နယ်အား/ကာ ဦးစီးမှူး ဒေါ်ဖြူဖြူမြင့်တို့က ချောင်းဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၈)ကျောင်းသို့ အားကစား အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ယနေ့ လှူဒါန်းပွဲ အခမ်းအနားတွင် ချောင်းဦးမြို့နယ်အတွင်းရှိ အထက (၃)ကျောင်း၊ အထက(ခွဲ) (၇) ကျောင်း၊ အလက (၁၀)ကျောင်း နှင့် မူလတန်းလွန်ကျောင်း(၈)ကျောင်း၊ စုစုပေါင်း အခြေခံပညာ ကျောင်း (၂၈)ကျောင်းသို့ ဘောလုံး (၁၈)လုံး၊ ဘောလီဘော (၁၀)လုံး၊ ဘောလီဘောပိုက် (၃)ခု၊ ခြင်းလုံး(၂၀)လုံး၊ ခြင်းလုံးပိုက် (၇)ခု ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယမင်း (ရွှေဦးမြေ)