ချောင်းဦး    ၂၆  အောက်တိုဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံးရေထဲတွင် E.Coli ပါဝင်မှု ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းကို အောက်တိုဘာလ(၂၅)ရက်၊ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မူလ၊ မွမ်းမံ၊ နိုင်ထောက်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရေရရှိရေး လုပ်ငန်းများအား ရေအရည်အသွေး စမ်းသပ်စစ်ဆေးရာတွင် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၈၉)ရွာမှ ပေးပို့ထားတဲ့ အသုံးပြုလျက်ရှိသော သောက်သုံးရေထဲတွင် E.Coli ပါဝင်မှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်း နှင့် ဝန်ထမ်းများက Test Kits နှင့် စမ်းသပ်စစ်ဆေးခဲ့ကြသည်။

 

ချောင်းဦးမြို့နယ်အတွင်းရှိ ရေသန့်စနစ်ဆောင်ရွက်လျက်ရှိသော ကျေးရွာတွေမှ ကျေးလက်နေ ပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံးရေထဲတွင် ဝမ်းပျက်ဝမ်းလျော့စေတဲ့ ပိုးမွှာများ၊ လူနဲ့ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးများ ပါဝင်မှုရှိမရှိ  E.Coli စစ်ဆေးပေးတာဖြစ်ကြောင်း၊ သောက်သုံး ရေထဲတွင် E.Coli ပါဝင်မှု ရှိ/မရှိ Test Kits ဖြင့် အချိန်(၄၈)နာရီကြာ ထားရှိရကြောင်း၊   ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောပြသည်။

 

အိအိအောင်(ချောင်းဦး)