ချောင်းဦး၊    ဇန်နဝါရီ

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ချောင်းဦးတောင်ရပ်ကွက်တွင် ခရမ်းချဉ်မျိုးစေ့ထုတ် (GAC) ကုမ္ပဏီက  မျိုးစေ့ အရည်အသွေးကောင်းစေရန် စိုက်ခြံအရောက် နည်းပညာများဖြန့်ဝေခြင်း၊ ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စာရင်း ကောက်ယူခြင်းနှင့် ဆောင်းသီးနှံစိုက်ခင်းများအား ကွင်းအရောက် နည်းပညာပေးခြင်းကို ဇန်နဝါရီ ရက် နံနက် ၁၀ နာရီက  ကွင်းဆင်းဆောင်ရွက်သည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေတာဝန်ခံ ဦးအောင်ဆွေဦးနှင့် စိုက်ပညာရှင် ဝန်ထမ်းများက ခရမ်းချဉ်မျိုးစေ့ထုတ် (GAC) ကုမ္ပဏီမှ စိုက်ပျိုးထားသည့် ခရမ်းချဉ် 2003 2006 2010 2013 နှင့် 2014 မျိုးများ စိုက်ပျိုးထုတ်လုပ်ထားရှိမှုနှင့် မျိုးစေ့ အရည်အသွေး ကောင်းစေရန် နည်းပညာပေး ဆွေးနွေးပြောကြားသည်။

 

mdn

 

 

ထို့နောက် ချောင်းဦးမြို့နယ် ရန်အောင်မြေ ကျေးရွာအုပ်စုမှ တောင်သူ ဦးစိုးမိုး၏ (KOPIA + DAR + DOA) တို့ ပူးပေါင်း စိုက်ပျိုးထားသော ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား စားရင်းကောက်ယူခြင်း၊ ရန်အောင်မြေရပ်ကွက်နှင့် ချောင်းဦး မြောက်ရပ်ကွက်တို့တွင် စိုက်ပျိုးထားသော လယ်သီးထပ် ဆောင်းသီးနှံစိုက်ခင်းများ အရည်အသွေးနှင့် အထွက်နှုန်း ကောင်းစေရန် အသီးအပွင့်အားတိုးဆေး (ယူရီးယား+လက်ချား) ပြုလုပ်သုံးစွဲနည်းများ၊ မှိုရောဂါ ကာကွယ်စေရန်အတွက် ထရိုင်ခိုဒါးမား (Trichoderma) သုံးစွဲရန်၊ ဓာတုဆေးများ မဖြစ်မနေသုံးစွဲပါက စနစ်တကျ သုံးစွဲကြရန်နှင့် ဆေးဘူးခွံများ စနစ်တကျ စွန့်ပစ်တတ်စေရန်အတွက် ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေတာဝန်ခံ ဦးအောင်ဆွေဦးနှင့်အဖွဲ့က ကွင်းအရောက်နည်းပညာပေး ဆွေးနွေးကြသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေတာဝန်ခံ ဦးအောင်ဆွေဦး၊ စိုက်ပျိုးရေးကွင်းတာဝန်ခံ ဒေါ်ထက်ထက်အောင်နှင့် စိုက်ပညာရှင်၀န်ထမ်းများ၊ ချောင်းဦးတောင်ရပ်ကွက်တွင် ခရမ်းချဉ်မျိုးစေ့ထုတ် (GAC) ကုမ္ပဏီတာဝန်ခံ ဒေါ်ထက်ထက်ထွန်းနှင့် ဆောင်းသီးနှံစိုက် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

အိအိအောင်(ချောင်းဦး)