ချောင်းဦး      ဇူလိုင်     ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၁၃ ရက်က ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီးများနှင့် မြို့နယ်ဆေးရုံမှ သူနာပြုများက ကာကွယ်ဆေးမထိုးမီ ကျောင်းသား ကျောင်းသူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

 

ကာကွယ်ဆေးထိုးနှံမှု အနေဖြင့် အသက် နှစ်မှ ၁၂ နှစ်ကြား ပထမအကြိမ် First Dose ၂၈၃ ဦး၊ Second Dose ဦး၊ အသက် ၁၂ နှစ်နှင့် အသက် ၁၈ နှစ်ကြား First Dose ၇၀ ဦး၊ First Booster Dose ၄၁ ဦး၊ Second Booster Dose ဦး စုစုပေါင်း ၄၀၁ ဦးအား Sinopham အမျိုးအစား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)