ချောင်းဦး၊ ၁၈ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု ကတ္တီပါ ဖိနပ်ချုပ် သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၈ ရက် မွန်လွဲ ၁၂ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌  ဖွင့်လှစ်ခဲ့သည်။

 

ကတ္ထီပါဖိနပ်ချုပ်သင်တန်းတွင် ချောင်းဦးမြို့နယ် ကျေးရွာများမှ သင်တန်းသူ ၂၀ တက်ရောက်သင်ကြားပြီး လူကြီးစီး(ကျား၊ မ)၊ မစီး(ပုံတော်)၊ မစီး(ဒေါက်မျိုးစုံ)၊ ကလေးစီးဖိနပ်မျိုးစုံနှင့် အမျိုးပေါင်း ၁၅ မျိုး သင်ကြားပေးမှာ ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ငါးရက်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုး၀င်းက ပြောပြသည်။

 

ကတ္ထီပါဖိနပ်ချုပ်သင်တန်းသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမ  ဒေါ်ခင်မာစန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးမှူး ဒေါ်ခင်စိုးဝင်း နှင့် ဝန်ထမ်းများ၊ သင်တန်းသူ ဦးရေ ၂၀ တက်ရောက်ခဲ့ကြသည်။

 

အိအိအောင်(ချောင်းဦး)

 

mdn