ချောင်းဦး၊ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ရရှိစေရေးအတွက်၊ ပန်းခင်းစီမံချက်ဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီက ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာ မိုယ်းကောင်း ဆုတောင်းပြည့်စေတီတော်ရှိ ဘုရားတန်ဆောင်းတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက်၁၈နှစ်ပြည့်ပြီးသူ ကျား(၅) ဦးနှင့် မ (၁၆) ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး အိမ်ထောင်စု လူဦးရေစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)