ချောင်းဦး ၁၉  စက်တင်ဘာ 

 

 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၉ ရက် နံနက် ၉:၃၀ အချိန်က ချောင်းဦးမြို့ အနော်ရထာခန်းမတွင်  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

 ရှေးဦးစွာ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က လုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် စိတ်ဝင်စားမှု၊ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ပြီးမြောက်အောင် စိတ်အားထက်သန်မှု၊ လုပ်ငန်းများကို တတ်နိုင်သမျှ အမှားအယွင်းနည်းအောင် အချင်းချင်း စိတ်ဝမ်းမကွဲဘဲ ပူးပေါင်းပြီး ဦးဆောင် ဦးရွက် ပြုဆောင်ရွက်ကြရန်ဖြင့်  အမှာစကား ပြောကြားခဲ့သည်။

 

8

 

 ဆက်လက်ပြီး မုံရွာခရိုင် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်လွင်က မဲစာရင်းပြုစုခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညိုညိုသန်းက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ 

 

 အဆိုပါ သင်တန်းသို့ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်သိန်း၊ မုံရွာခရိုင် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်လွင်၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညိုညိုသန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း၊ မြို့နယ်ရွေးကောက်ပွဲ ဦးစီးမှူး ဒေါ်ချစ်စုလှိုင် နှင့် ကျေးရွာအုပ်စု (၃၂)အုပ်စုမှ ရပ်/ကျေးကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အိအိအောင် (ချောင်းဦး)