ချောင်းဦး ၂၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအား ကြုံတွေ့ လာပါက ကိုင်တွယ်ကုသရာတွင် ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ အကာအကွယ် ဝတ်စုံ (PPE ) စနစ်တကျဝတ်ဆင်မှု သရုပ်ပြမှုကို ဧပြီလ (၂၈)ရက် က အနော်ရထာ ခန်းမတွင် ပြုလုပ်သည်။
ထိုသို့ သရုပ်ပြ လေ့ကျင့်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေါက်တာ ပြည့်ဖြိုးမောင်မောင် ဦးဆောင်သော အဖွဲ့မှ PPE ဝတ်စုံ စနစ်တကျ ဝတ်နည်း၊ ချွတ်နည်း နှင့် CBFQ လူနာ သယ်ဆောင်နည်းများ၊ Mask များကို မှန်ကန်စွာအသုံးပြုတပ်ဆင်မှုနှင့် အသုံးပြုပြီးပါက စနစ်တကျ စွန့်ပစ်ရမည့် နည်းလမ်းများကိုပြသပေးရာ ချောင်းဦးမြို့နယ်အတွင်းမှ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေး ပရဟိတ အဖွဲ့ဝင်များ စုစုပေါင်း (၃၀) တက်ရောက် ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းဖြစ်သည့် PPE ဝတ်စုံ ဝတ်ဆင်မှုသရုပ်ပြပွဲသို့ ချောင်းဦး မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် အဖွဲ့များ လေ့လာ အားပေးခဲ့ကြသည်။
ယမင်း (ရွှေဦးမြေ)


