ချောင်းဦး ၁၂ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ဘလွေကျေးရွာအုပ်စု၊ ဘလွေကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်အသင်းသာများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ အတိုးအရင်းများ ပဉ္စမအကြိမ် ထုတ်ချေးပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ဘလွေကျေးရွာ ရွာဉီးဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်းတို့မှ  အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုးဝင်းက မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများ ရေရှည်အကျိုးဖြစ်ထွန်းစေရန် စီမံကိန်းဝင်အသင်းသားများအနေဖြင့် ယခုထုတ်ချေးပေးသည့် စီမံကိန်းရန်ပုံငွေများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ သုံးစွဲလုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ေ

 

ဆက်လက်ပြီး ချောင်းဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်က ဘလွေကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အသင်းသား၊ အသင်းသူ(၃၀၂)ဦးအား မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ ပဉ္စမအကြိမ် အတိုးအရင်း ငွေကျပ် ၄၅၄၄၀ဝ၀ဝ ကို အသင်းဝင်များထံ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဘလွေကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင် ဒေါ်သိန်းဌေးက ဘလွေမြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

ေ

 

ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေအတိုးအရင်းများ ထုတ်ချေးပေးရာသို့ ချောင်းဦးမြို့နယ်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဘလွေကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)