ချောင်းဦး   ၅   အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသော ကျီကုန်း ကျေးရွာမှ ကိုဗစ်-၁၉ ပထမဆုံး အတည်ပြုလူနာ ကျန်းမာရေးကောင်းမွန်၍ ယနေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ပိုးတွေ့ရှိသူမှာ ရန်ကုန်မြို့ မြောက်ဥက္ကာလာပမှ ပြန်လာသည့် အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်က ရန်ကုန်မှ ကားမောင်းသူအပါ(၁၉)ဦး၊ ကား ၂ စီးဖြင့် ပြန်လာခဲ့ ကြောင်း ကျီကုန်းကျေးရွာ အထက(ခွဲ)ကျောင်းသို့ ၁၉ ဦး စလုံးအား အသွားအလာကန့်သတ်ထားခဲ့ပြီး စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် Swab ယူခဲ့ကာ မန္တလေးသို့ပို့ပြီး စစ်ဆေးခဲ့ကြောင်း၊ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်တွင် ၁၉ ဦးထဲမှ Positive တစ်ဦးဖြစ်ခဲ့ပြီး ကျန် ၁၈ ဦး Negative  ဖြစ်ကြောင်း၊ Covid-19 ဓာတ်ခွဲအတည်ပြုလူနာအား ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ် ဆရာ၀န်ကြီးကိုယ်တိုင် ကြည့်ရှုကုသပေးခဲ့ပြီး  ကျန်းမာရေးကောင်းမွန်ပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့ ကြောင်း၊ မိမိနေအိမ်တွင် Home Stay နေခိုင်းထားကြောင်း လူနာအားကြည့်ရှုစစ်ဆေးကုသနေသူ ချောင်းဦး မြို့နယ် ဆရာ၀န်ကြီး ဒေါက်တာကျော်ထွန်းဦးထံမှ သိရသည်။

၀င်းမြင့်အောင် (ပြန်/ဆက်)