ချောင်းဦး ၂၀ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ ချောင်းဦးမြောက်ရပ်ကွက် ရွာမရပ်အနောက်ဘက်တွင်  မေ ၁၉ ရက် နံနက် ၁၀  နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဦးရဲလင်း၏နေအိမ် မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ရာ ဦးရဲလင်း၏ ၁၅ ပေပတ်လည် ထန်းရွက်မိုး၊ ထရံကာ နေအိမ်နှင့် ဒေါ်သောင်းဌေး၏ ၁၆ ပေပတ်လည် သွပ်မိုး၊ ထရံကာ နေအိမ်ကို ကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်သဖြင့် ၁၀ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့် တိရစ္ဆာန် သေဆုံးမှု မရှိကြောင်း၊ မီးပေါ့ဆသုံးစွဲသူ ဦးရဲလင်းအား ချောင်းဦးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ယမင်း (ရွှေဦးမြေ)