ချောင်းဦး  ၂၉   ဧပြီ

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ညမထွက်အရအမိန့် မလိုက်နာသူ အမျိုးသားတစ်ဦးကို ချောင်းဦးမြို့နယ်တရားရုံးက ဧပြီလ(၂၇)ရက်က  အလုပ်နှင့်ထောင်ဒဏ် သုံးလစီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

           

ဖြစ်စဉ်မှာ ဧပြီလ (၂၁)ရက် ည ၁၁ နာရီ ၁၅ မိနစ်က ကင်မွန်းတော်ကျေးရွှာအုပ်စု၊ အင်းမကျေးရွာနေ မောင်ဇော်နောင်ဖြိုး (ခ) ၀တုတ်သည် ငါးယှန်ကျေးရွာသို့ အကြောင်းမဲ့ ရောက်ရှိနေသည်ကို  တွေ့ရှိသဖြင့် ငါးယှန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လှည့်ကင်းအဖွဲ့နှင့် ပူးပေါင်းဖမ်းစီးခဲ့ပြီး ပုဒ်မ (၁၄၄) ဖောက်ဖျက်ကျူးလွန်မှုအား မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

           

ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ချောင်းဦးမြို့နယ်တရားသူကြီးက စစ်ဆေးခဲ့ပြီး မောင်ဇော်နောင်ဖြိုး(ခ) ၀တုတ် ကို မြို့နယ်တရားရုံး၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ရာဇသတ်ကြီး ပုဒ်မ (၁၈၈)အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား သဖြင့် အလုပ်နှင့်ထောင်ဒဏ် သုံးလ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

မယု (ပြန်/ဆက်)