ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၁၀)ရပ်ကွက် ချော်တွင်းကုန်း တုလွတ်အောင်မြေ ကျောင်း ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ ဘဒ္ဒန္တဝိလာသ (သာသနဓဇဓမ္မာစရိယ) သက်တော် (၉၄)နှစ်၊ သိက္ခာ(၇၄)ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅-ခုနှစ်၊ ပြာသိုလဆန်း (၂)ရက်၊ ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)