နေပြည်တော်  ၂၀  ဇွန်

သဘာဝခေါ်သံဖောင်ဒေးရှင်းက ကြီးမှူးကျင်းပမည့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း ၂၄ ကြိမ်မြောက် ဂုဏ်ပြုပွဲကို ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီသီရိခန်းမ ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲသည် ၂၀၁၈-၂၀၁၉ ခြေလျင်တောင်တက်ခရီးစဉ်များ နှင့် လူမှု အကျိုးပြုခရီးစဉ်များတွင်ပါဝင်ခဲ့သူများ၊ တက္ကသိုလ် ပညာသင်နှစ်အသီးသီး မှ ခြေလျင် တောင်တက်အသင်းဝင် မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များ၊ အလှူရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

ထို့ပြင် ဂုဏ်ပြုပွဲတွင် သဘာဝခေါ်သံအမှတ်(၅) မဂ္ဂဇင်းနှင့် အထိမ်းအမှတ် တီရှပ်အင်္ကျီများကို ဖြန့်ဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း အသင်းအမှုဆောင်အဖွဲ့မှ သိရသည်။

မောင်လူမော်