နေပြည်တော် ၂၂ ဇန်နဝါရီ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ဗဟိုဘဏ်တို့ ပူးတွဲကျင်းပသည့် ချေးငွေအာမခံအဖွဲ့အစည်း ထူထောင်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသို့ ငွေကြေးပံ့ပိုးပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် နာရီခွဲတွင် နေပြည်တော်၊ M Gallery ဟိုတယ်၌ ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

dfht

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အစိုးရ၏မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ချေးငွေဝန်ဆောင်မှုပေးရေးနှင့် ထိုင်းနိုင်ငံ ချေးငွေဝန်ဆောင်မှု အဖွဲ့အစည်း၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် SMEs ဆိုင်ရာ ငွေကြေးမူဝါဒများ၊ ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြစ်သည့် ချေးငွေချထားခြင်း၊ ကြွေးမြီကောက်ခံခြင်း၊ ရင်းနှီးမြှုပ်နှံမှု လေ့လာစောင့်ကြည့်ခြင်းနှင့် ချေးငွေဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုများအား သိရှိနိုင်ပါရန် ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပြည်တွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းကဏ္ဍ မြှင့်တင်နိုင်ရန် ဆောင်ရွက်နေသော်လည်း ၎င်းတို့အတွက် ငွေကြေးရရှိနိုင်မှု ခက်ခဲပါကြောင်း၊  သို့ဖြစ်၍ အသေးစား၊ အလတ်စား လုပ်ငန်းကဏ္ဍအတွက် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှသာ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသည်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)”၂၀၁၈ - ၂၀၃၀ အား  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး MSDP ပန်းတိုင် () မဟာဗျူဟာ ()မှာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းမှတစ်ဆင့် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်အကိုင်ဖန်တီးရေးကို အထောက်အကူပြုရန် ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည်ကို သိရှိသည့်အားလျော်စွာ ချေးငွေအာမခံလုပ်ငန်းများအတွက် ချေးငွေအာမခံ အဖွဲ့အစည်းတည်ထောင်ရန် အစိုးရမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Credit Guarantee Coroporation (CGC) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အပါအဝင် SMEs လုပ်ငန်းများ တည်ထောင်နိုင်ရန်အတွက် ချေးငွေအာမခံ ဝန်ဆောင်မှုဖြင့် အထောက်အကူပြုနိုင်ရန်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား တွေ့ကြုံလာနိုင်သည့် ကြွေးမြီဆုံးရှုံးနိုင်မှုများကို မျှဝေနိုင်ရန်အတွက် ရည်ရွယ်ပါကြောင်း ပြောကြားသည်။

 

ktu6

 

ယင်းနောက် ထိုင်းနိုင်ငံ ဗဟိုဘဏ်မှ Communication and Corporate Relation Group Assistant Governor ဖြစ်သူ Mrs. Chantavarn Sucharitakul က ထိုင်းနိုင်ငံ၏ လက်ရှိအောင်မြင်နေသော Credit Guarantee လုပ်ငန်းများနှင့် SMEs MSMEs လုပ်ငန်းများအကြောင်း ပြောကြားခဲ့ပြီး ယခုဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ ဗဟိုဘဏ်က မြန်မာနိုင်ငံတွင် SMEs MSMEs နှင့် Credit Guarantee  Corporation (CGC) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ထိုင်းနိုင်ငံ၏ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများအား မျှဝေပေးနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဆွေးနွေးပွဲအား အစီအစဉ် () ရပ်ဖြင့် ဇန်နဝါရီ ၂၃ ရက်ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 

o;89

 

ဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်းနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ကိုယ်စားလှယ် (၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်