ခေါင်လန်ဖူး ၄ အောက်တိုဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံအတွက် လူနာခုတင်နှင့်ဆေးဝါးများ လှူဒါန်းခြင်းကို အောက်တိုဘာ ၃ ရက်က ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။
ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုရန် လူနာခုတင် ၄ လုံးနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်းများအတွက် ဆေးဝါးများစုစုပေါင်း တန်ဖိုးကျပ် (၁၀)သိန်းကို ဖားကန့်မြို့နယ် မမုံကျေးရွာမှ ဦးထွန်းနိုင်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံသည် ကုတင် ၂၅ ခုတင်ဆံ့ ဆေးရုံဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုများကြောင့် ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဒေသခံ သက်ကြီးဘိုးဘွားများထံ တစ်ပတ်တစ်ကြိမ် အိမ်အရောက်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား ကျေးရွာများသို့အရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယခုလို ဆေးရုံနှင့်ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများအတွက် လူနာခုတင်နှင့် ဆေးဝါးများ လှူဒါန်းပေးခြင်းကို များစွာကျေးဇူးတင်ပါကြောင်း မြို့နယ်ဆရာဝန်ကြီးက ပြောကြားသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)


