ခေါင်လန်ဖူး ၁၉ မေ

 

ခေါင်လန်ဖူးမြို့နယ်အတွင်း ရိက္ခာပြတ်လပ်နေသော ‌ကျေးရွာအုပ်စု (၁၂)အုပ်စု အတွက်  နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆန်အိတ်(၁၀ဝ၀)အား  ထောက်ပံ့လှူဒါန်းခဲ့သည်။

 

အဆိုပါ ဆန်အိတ်များအား ပူတာအိုမြို့နယ်မှ ခေါင်လန်ဖူးမြို့နယ်သို့ သယ်ယူနိုင်ရေး အတွက် ပူတာအိုမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေး လူငယ်သင်တန်းကျောင်း ခန်းမ ဆောင်တွင် လမ်းခရီးသယ်ယူရာတွင် အဆင်ပြေ လွယ်ကူစေရေး ပြင်ဆင်ဆောင်ရွက်လျှက် ရှိကြောင်းနှင့် အမြန်ရောက်ရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေါင်လန်ဖူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ကိုဝင်း ထံမှ သိရသည်။

 

ငြိမ်းအိအိဖြိုး(ပြန်/ဆက် )