၁၉ အောက်တိုဘာ
ပြင်သစ်နိုင်ငံတစ်ဝန်းက ထောင်ချီသောင်းချီတဲ့ နိုင်ငံသားတွေက ခေါင်းဖြတ်အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာနဲ့အတူ ရှိနေကြောင်း ပြသတဲ့အနေ တနင်္ဂနွေနေ့က စုဝေးခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာ ပြင်သစ်သမ္မတ မာခရွန်က အွန်လိုင်းပေါ်က အစွန်းရောက်အဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ပြောကြားပါတယ်။
တနင်္ဂနွေနေ့က ကျောင်းဆရာကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်သမားတွေအား ဆန့်ကျင်ဆန္ဒပြပွဲကို တက်ရောက်တဲ့ ဝန်ကြီးချုပ်က ပြင်သစ်နိုင်ငံသားတွေ မကြောက်ကြောင်း၊ ပြင်သစ်တွေကို ကြောက်အောင်လုပ်လို့ မရကြောင်း၊ ပြင်သစ်တွေကို ကွဲအောင်သွားအောင် လုပ်လို့မရကြောင်းနဲ့ သူတို့အားလုံးဟာ ပြင်သစ်နိုင်ငံသားတွေဖြစ်ကြောင်း ဝန်ကြီးချုပ်က တွစ်တာမှာ ရေးသားထားပါတယ်။
ဆရာပတ်တီကို တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး မနေ့ကအထိ ၁၁ ဦးတိတိ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရပါတယ်။
ခေါင်းဖြတ်အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာဟာ ဆန်မြူရယ်ပတ်တီဖြစ်ပြီး လူသိများတဲ့သူ ဖြစ်ပါတယ်။ ပတ်တီဟာ ကျောင်းဆရာ အလုပ်ကို စိတ်ရောကိုယ်ပါ စိတ်ဝင်တစား လုပ်ကိုင်သူဖြစ်ပါတယ်။ ကျောင်းဆရာ ပတ်တီက လွတ်လပ်စွာ ဖော်ထုတ်ဆွေးနွေးခွင့်အကြောင်း ဆွေးနွေးရန် ပရောဖတ်မိုဟာမတ်အကြောင်း ကာတွန်းရုပ်ရှင် ပြသခဲ့ပါတယ်။
ဆရာ ပတ်တီက ကာတွန်းကား မပြခင်မှာ မွတ်စလင် ကျောင်းသူ ကျောင်းသားတွေကို စိတ်ခံစားမှု မရှိအောင် စာသင်ခန်းကနေ အပြင်ထွက်နေရန် ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဆရာပတ်တီရဲ့ သင်ခန်းစာဆွေးနွေးမှုကို ဆန့်ကျင်တဲ့ အွန်လိုင်းဆန့်ကျင့်တဲ့ အဖွဲ့ရှိနေခဲ့ပါတယ်။ အဲဒီအဖွဲ့ကနေ ဆရာပတ်တီကို ကျောင်းကနေ အလုပ်ဖြုတ်ရန် လှုပ်ရှားခဲ့ကြပါတယ်။
ပတ်တီရဲ့ နာမည်နဲ့ ကျောင်းရဲ့လိပ်စာကို အခင်းမဖြစ်ခင် ရက်ပိုင်းအတွင်းမှာ ကျောင်းသားမိဘတစ်ဦးက ဖော်ထုတ်ခဲ့ပါတယ်။ ဆရာပတ်တီရဲ့ ကိုယ်ရေးရာဇဝင်ပေးခဲ့တဲ့ ကျောင်းသားမိဘဟာ အစ္စလာမ်စစ်သွေးကြတစ်ဦးဖြစ်ပြီး ဖမ်းဆီးထားပြီးကြောင်း သိရပါတယ်။
ဆရာပတ်တီကို သူအလုပ်လုပ်ရာ ပဲရစ်မြို့လယ်ကနေ အနာက်မြောက်ပိုင်း မိုင် ၂၀ အကွာရှိ အလယ်တန်းတစ်ကျောင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က မွန်းလွဲ ၃ နာရီဝန်းကျင်မှာ အခင်းဖြစ်ပွားတယ်လို့ သိရပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆရာပတ်တီအား အောက်မေ့ခြင်းအခမ်းအနား ပြုလုပ်မယ်လို့ သိရပါတယ်။
MDN
ကိုးကား - AFP