၁ ဇန်နဝါရီ

 

“ခေါ်နူးစုမ်တောင် အမှိုက်ကင်းစင်ရေးအတွက် အကျိုးဆက်စပ်သူများစုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှု အစီအစဉ်”  ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က  ခေါ်နူးစုမ်တောင်၏ ၁၀မိုင် ၄ ဖာလုံ တောင်ခြေမှ စ၍ တောင်ထိပ်သို့ သွားရာလမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ အစီအစဉ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ နတ်မတောင်အမျိုးသားဥယျာဉ် ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်းနှင့် ဒေသခံ လူငယ်အဖွဲ့အစည်း တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

 

ခေါ်နူးစုမ်တောင်ထိပ်သည် ခရီးသွားဧည့်သည်များ များလာခြင်းနှင့်အတူ သန့်ရှင်းလှပသော ခေါ်နူးစုမ် တောင်ထိပ်နှင့် တောင်ထိပ်သို့ သွားရောက်ရာ လမ်းတစ်လျှောက်သည် အချို့သော ခရီးသွား ဧည့်သည်များ၏ စည်းကမ်းမဲ့ စွန့်ပစ် ပလတ်စတစ်အမှိုက်များ၊ ပုလင်းခွံများကြောင့် သဘာဝအလှကို ထိခိုက်ပျက်စီးစေပါသည်။

 

 

၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း မှတ်တမ်းများအရ ခရီးသွားဧည့်သည် ၃၀၀၀ ကျော် လာရောက်ခဲ့ပြီး ယင်းသို့ ခရီးသွားဧည့်သည်များ အများဆုံးလာရောက်သည့် အချိန်တွင် ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ခရီးသွားဧည့်သည်များကိုယ်တိုင် အမှိုက်များ စနစ်တကျ စွန့်ပစ်စေရန်၊ ထိုသို့ လှုပ်ရှားမှုများ အခါအားလျော်စွာ ကျင်းပခြင်းဖြင့် ထိန်းသိမ်းရေးဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအကြား ရင်းနှီးနားလည်မှု တိုးပွားလာစေပြီး ခေါ်နူးစုမ်တောင် ရေရှည်စိမ်းလန်း သာယာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဖြစ်ကြောင်း WCS Myanmar မှ သိရသည်။

 

MDN