ဂါဇာ ဇွန် ၁၄
ဂါဇာကမ်းမြောင်တွင်ရှိသည့် ပါလက်စတိုင်း ဆယ်ကျော်သက် ကျောင်းသား ကျောင်းသူ သုံးဦးသည် ပြိုကျနေသော အဆောက်အအုံအောက်မှ ပိတ်မိနေသည့်သူများကို ရှာဖွေပေးနိုင်မည့် ခေတ်မီကယ်ဆယ်ရေးစက်ရုပ်တစ်ခုကို တီထွင်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရာမာအီဘရာဟမ်၊ ၎င်း၏ အစ်ကို တော်စပ်သူ အာမက်နှင့် ၎င်းတို့၏ အတန်းဖော် ယူဆွတ်ဖ် အကွီတို့သည် သုတေသနနှင့် စမ်းသပ်လုပ်ဆောင်ချက်ကို လအတန်ကြာ ပြုလုပ်ပြီးနောက် ဝိုင်ဖိုင် အဝေးထိန်းစနစ် တပ်ဆင်ထားသော အသေးစား ကားပုံသဏ္ဌာန်ကိရိယာကို တီထွင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ သုံးဦးသည် အလယ်တန်း ကျောင်းသားများဖြစ်ကြောင်း သိရသည်။
ကင်မရာနှင့် အချက်ပေးစနစ်တပ်ဆင်ထားသော အဆိုပါ ကယ်ဆယ်ရေးစက်ရုပ်သည် ဆဲလ်ဖုန်း အက်ပလီကေးရှင်း တစ်ခုဖြင့် လုပ်ဆောင်နိုင်ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ထံသို့ တတီတီမြည်သံနှင့် ဆဲလ်ဖုန်းထံသို့ တိုက်ရိုက် မက်ဆေ့ပေးပို့ နိုင်ကြောင်း အဆိုပါ ကျောင်းသားများက ဆင်ဟွာသို့ ပြောသည်။
၂၀၂၁ ခုနှစ် မေ ၁၀ ရက်တွင် ဂါဇာကမ်းမြောင်၌ ၂၀၁၄ ခုနှစ်နောက်ပိုင်း အစ္စရေးနှင့် ဟားမားစ်တို့ကြား ၁၁ ရက်ကြာ စစ်မက်ဖြစ်ပွားခဲ့ကာ ပါလက်စတိုင်း လူမျိုး ၂၆၀ သေဆုံးပြီး အစ္စရေးလူမျိုး ၁၄ ဦး သေဆုံးကြောင်း သိရသည်။
ကံမကောင်းစွာဘဲ၎င်းတို့ သုံးဦးအနေဖြင့် ပဋိပက္ခဇုန်အတွင်း ရှိနေပြီး အဖြစ်အပျက်များကို မြင်တွေ့ခဲ့ရကြောင်း၊ အနာဂတ်တွင် ယခုလို ဆိုးရွားသည့် အခြေ | အနေအတွက် ပြင်ဆင်ထားသင့်ကြောင်း ယူဆွတ်ဖ်အင်္ကျီက ဆင်ဟွာကို ပြောသည်။
ပြည်တွင်းကယ်ဆယ်ရေး အဖွဲ့များသည် ဗုံးဒဏ်ကြောင့် သော်လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် သော်လည်းကြောင်း ပိတ်မိနေသော သူများကို ရှာဖွေရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း၊ ပြီးခဲ့သည့် နှစ်က ဂါဇာကမ်းမြောင်ဒေသတွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် စစ်ပွဲအပြီးမှာ အရပ်သားများစွာ အပျက်အစီးများအောက် ပိတ်မိပြီး အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ထိုကဲ့သို့ စက်ရုပ်မျိုးကို တီထွင်ရန် အကြောင်းရင်းဖြစ်လာကြောင်း ရာမာက ပြောသည်။
ဆင်ဟွာ