ကျိုက်မရော ၁၅ ဇူလိုင်
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ခေတ်မီနှစ်ထပ်ဈေးသစ်ကြီးဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါ နှစ်ထပ်ဈေးသစ်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ဈေးသစ်ကြီးဆောက်လုပ်မည့်နေရာ၌ ပန္နက်တင်မင်္ဂလာကို ကျင်းပပေးခဲ့ကြသည်။
အဆိုပါဈေးသစ်ကြီးအား ပြည်နယ်အစိုးရ ဘတ်ဂျက်ရန်ပုံငွေကျပ် (၅၈၇.၆၁)သန်းဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး ဈေးအဆောက်အဦမှာ (၁၁၅ပေ×၉၁ပေ) ကျယ်ဝန်း၍ ဈေးသစ်ကြီးအား ခေတ်မီဈေးပုံစံဖြင့် အပေါ်ထပ်တွင် စားသောက်ဆိုင်များ၊ ကလေးကစားကွင်းများဖြင့် ခေတ်မီလှပစွာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော)


