မိုင်းယောင်း ၃၁ ဇူလိုင်
လက်ဖက်စိုက်ရာတွင် ရှေးရိုးနည်း တောင်စောင်းစိုက်ပျိုးခြင်းမှသည် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်း (ကွန်တို)ဖြင့် စိုက်ပျိုးခြင်းကို ဇူလိုင် ၃၀ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ တောင်သူတစ်ဦး၏ စိုက်ခင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီဌာန ဝန်ထမ်းများက လက်တွေ့စိုက်ပျိုးပြသခဲ့သည်။
ရှမ်းပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများသဖြင့် ယခုကဲ့သို့ နှစ်ရှည်သီးနှံ လက်ဖက်စိုက်ပျိုးရာတွင် မြေဆီလွှာတိုက်စားမှု ကာကွယ်ရန် ကွန်တိုများ စနစ်တကျ ဖော်ဆောင်ပြီး သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက လက်ဖက်စိုက်ပျိုးနည်း၊ ထိန်းသိမ်းနည်းများကို အသိပညာပေးဆွေးနွေးခဲ့သည်။
စိုင်းအောင်ဇော်လင်း


