ခေတ်သစ်မှာ ဘုရင်သက်တမ်းမကုန်ခင် ရာထူးကနှုတ်ထွက်ပေးခြင်း ပိုမိုများပြားလာ

၄ ဧပြီ

အသက် ၈၅ နှစ်အရွယ် ဂျပန်ဧကရာဇ် အာကီဟီတို ဟာ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့မှာ ဘုရင်ရာထူးကနေ သမိုင်းဝင်တဲ့ နှုတ်ထွက်မှု ပြုလုပ်မှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်း နဲ့ ဘုရင်တွေ ရာထူးကနေ နှုတ်ထွက်ပေးရာတွင် ဂျပန်ဧကရာဇ်က ခေတ်သစ်ရဲ့ နောက်ဆုံးတစ်ယောက် ဖြစ်လာပါတယ်။ အာကီဟီတိုဟာ ဧကရာဇ်အဖြစ် အနှစ် ၃၀ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

 

1

 

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပုပ်ရဟန်းမင်း ဘန်နာဒစ်(၁၆) က အသက် ၈၅ နှစ်အရွယ်မှာ  ကျန်းမာရေးမကောင်းတဲ့အတွက် ရာထူးကနေ နှုတ်ထွက်ခဲ့တာဟာ နှစ်ပေါင်း ၇၀ဝ အတွင်းမှာ ပထမဦးဆုံး အဖြစ်ပျက်ဖြစ်ပါတယ်။ ဘန်နာဒစ် က ပုပ်ရဟန်းမင်းတာဝန်ကို ၈ နှစ်နီးပါး ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။ 

 

2

 

၂၀၁၃ ခုနှစ် ဇူလိုင် မှာ ဘယ်လဂျီယံ ဘုရင်အယ်လဘတ် က အသက် ၇၉ နှစ်အရွယ် မှာ အသက်အရွယ်ကြီးလာခြင်းနှင့် ကျန်းမာရေးမကောင်းခြင်းကြောင့်  ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဘုရင်အယ်လဘတ်ဟာ ထီးနန်းမှာ နှစ် ၂၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

 

4

 

နယ်သာလန် ဘုရင်မ ဘီထရစ် လည်း ၂၀၁၃ ခုနှစ်မှာ ထီးနန်းကို စွန့်လွှတ်ခဲ့ပါတယ်။ အဲဒီအချိန်က ထီးနန်းသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် ဘုရင်မက တာဝန်က ကြီးမားလေးလံအတွက် ထီးနန်းကို စွန့်လွှတ်တာမဟုတ်ဘဲ မျိုးဆက်သစ်တွေလက်ထဲမှာ တိုင်းပြည်ရှိရမယ်လို့ ယုံကြည်တဲ့အတွက် စွန့်လွှတ်ခဲ့တာလို့ ထီးနန်းစွန့်အခမ်းအနားမှာ ပြောကြားပါတယ်။ 

 

88

 

၂၀၁၄ ခုနှစ်မှာ စပိန်ဘုရင် ဝမ်ကားလို့ က ထီးနန်းကို သားဖြစ်သူကို ထီးနန်းလွှဲပေးချိန်မှာ ဘုရင်မ ဘီထရစ်လို မျိုးဆက်သစ်တွေက ရှေ့တန်းမှာ ဝင်လာဖို့အတွက် ထီးနန်းစွန့်လွှတ်တာ ဖြစ်တယ်လို့ ပြောကြပါတယ်။ စပိန်ဘုရင်ဟာ ထီးနန်းကို ၃၉နှစ် နီးပါး တာဝန်ယူခဲ့ပါတယ်။ 

 

55

 

ကာတာဘုရင် ရှိတ်ဟာမတ် ဘင် ကာလီဖာအယ်သန်နီက ကျောက်ကပ်ရောဂါခံစား နေပါတယ်။ ၂၀၁၃ ခုနှစ်တွင် ထီးနန်းမှာ ၁၈ နှစ် နီးပါး တာဝန်ထမ်းဆောင်အပြီး ထီးနန်းစွန့်လွှတ်ကြောင်း တရားဝင်ကြေငြာရာတွင် မျိုးဆက်သစ်ခေါင်းဆောင်မှုကို ရရှိဖို့အတွက် ထီးနန်းစွန့်လွှတ်ကြောင်းသာ ရေးသားထားပါတယ်။ အဲဒီအချိန်မှာ အသက် ၃၃ နှစ်အရွယ် သားဖြစ်သူ ရှိတ်တမ်မီ ကတာဝန်လွဲပြောင်း ယူခဲ့ပါတယ်။
 
MDN
ကိုးကား - AFP