ရန်ကုန်   ၄    ဇွန်            

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနသည် မတ်လ ၂၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် မော်တော်ယာဉ်များ သက်တမ်းတိုးမှုကို ခေတ္တရပ်ဆိုင်းထားခဲ့ရာ ယခုဇွန်လအတွင်း ပြန်လည်ဖွင့်လှစ်ရန်အတွက် ကြိုတင်ဆောင်ရွက်ထားမှုတို့ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁ရောဂါကာကွယ်ထိန်းချုပ်ရေးက္ကဋ္ဌ ဦးဝင်းအောင်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့သည်။

 

ကြည့်ရှုရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးက္ကဋ္ဌ ဦးဝင်းအောင်၊ ကော်မတီအဖွဲ့ဝင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နော်သန္တာဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးနှင့်အဖွဲ့များက အင်းစိန် ကညန ဝန်းအတွင်းရှိ မော်တော်ယာဉ် လိုင်စင် သက်တမ်းတိုးဌာန၊ ခဲခြစ်ဌာနတို့တွင် ပြည်သူများ ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်ဆေး ဖျန်းထားခြင်းနှင့် (၆)ပေအကွာအကွက်များချ၍ စနစ်တကျ ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်း ကြည့်ရှုခဲ့ရာ အင်းစိန် ကညန ခရိုင်ဦးစီးမှူး ဒေါ်နီလာက အဆိုပါလုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)