ချီကာဂို ၂၂ ဇူလိုင် 

 


ချီကာဂိုတစ်လွှား  ဇူလိုင်  ၁၉  ရက်မှ  ဇူလိုင်  ၂၀  ရက်အတွင်း  ပစ်ခတ်မှုများကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး  ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြကြသည်။ ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ချီကာဂိုမြို့အနောက်ပိုင်း၌ ပထမဦးစွာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကားအတွင်းထိုင်နေသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို အခြားကားတစ်စီးပေါ်မှ  လူတစ်ဦးက  ပစ်ခတ်ခဲ့သည်။  ပစ်ခတ်ခံရသူကို  ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်။

 

ဒုတိယမြောက်ပစ်ခတ်မှုမှာ  ဇူလိုင်  ၁၉  ရက်တွင်  ဖြစ်ပွားခဲ့ပြီး အသက် ၂၃ နှစ် အရွယ်အမျိုးသားတစ်ဦးမှာ    ကားအတွင်းရှိနေခဲ့ပြီး  လမ်းပေါ်ရှိ  လူတစ်စုနှင့်စကားများကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း  ဖြစ်သည်။  အဆိုပါ  အမျိုးသားမှာ   ဆေးရုံပေါ်တွင်  သေဆုံးခဲ့သည်။    နောက်ထပ်ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုမှာ    အသက်    ၁၁  နှစ်အရွယ် ယောကျာ်းလေးတစ်ဦး လမ်းလျှောက်လာစဉ် လူနှစ်ဦးက အနားကပ်ကာသေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ကလေးမှာ ဒဏ်ရာသာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း သိရသည်။ နောက်ထပ်ပစ်ခတ်ခံရသူမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး ၎င်းလမ်းလျှောက်လာစဉ် အနက်ရောင်ကားပေါ်မှ လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ယခုလိုပစ်ခတ်မှုများအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မဖမ်းဆီးရသေးချေ။ သေနတ်ဖြင့် အကြမ်းဖက်ခံရသူများမှတ်တမ်းအဖွဲ့ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စုနှင့် သေနတ်ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူ ၈၀၃၆ ဦးရှိပြီး လူပေါင်း ၁၅၈၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 


                   
ဆင်ဟွာ