ဆန်တီယာဂို ဇန်နဝါရီ ၁၈

 

ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုမှာ ဒုတိယမြောက်နေ့အဖြစ် စံချိန်တင်များပြား လျက်ရှိသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၉၄၅၄ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်က ပြောသည်။

 

ချီလီပြည်သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရေးနည်းလမ်းများဖြင့် ကာကွယ်ကြရန် ချီလီပြည်သူ့ကျန်းမာရေး လက်ထောက် အတွင်းဝန်ဖြစ်သူ မရီယာထရီဆာဗယ်လန် ဇူလာက တိုက်တွန်းခဲ့သည်။

 

လက်ရှိတွင်ကူးစက်မှုများ များပြားနေသော်လည်း ယခင်ကူးစက်မှုလှိုင်းများလောက် ဆေးရုံတက်ရသူနှင့် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူရသူအရေအတွက်မှာ များပြားခြင်းမရှိဟု ၎င်းကပြောသည်။ ။

 

လက်ရှိအခြေအနေများကို ကြည့်လျှင် ကာကွယ်ဆေးမှာ ရောဂါပြင်းထန်မှုကို ကာကွယ်ပေးပြီး သေဆုံးမှုနှုန်းကိုလည်း လျှော့ချပေးနိုင်သည် ၎င်းကဆက်ပြောသည်။

 

ဆင်ဟွာ