မေ ၁၃

 

ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီလက စတင်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၆ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၈၇၆၅၀၅၂ ဦးရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၇၂၉၄၀၇၀ ဦးရှိသည်။ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၆၀၅၉၁၂၂ ဦးအထိ ရှိကြောင်း ကျန်းမာရေးဝန်ကြီး အန်ရီကီ ပါရစ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

အသက် ၆၀ နှစ်နှင့်အထက်ရှိသူ ၃၀၁၃၂၄၇ ဦး ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ယခုနှစ်ပထမနှစ်ဝက်ကုန်တွင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ရန် ရည်မှန်းထားကြောင်း ထိုဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အရ သိရသည်။

 

ချီလီနိုင်ငံတွင် ဧပြီလက ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားလာသဖြင့် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်ကို သီးသန့်ခွဲနေထိုင်စေခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို