ဆန်တီဂို နိုဝင်ဘာ ၁၈
ချီလီနိုင်ငံ၌ မျောက်ကျောက်ရောဂါဖြင့် သေဆုံးသူတစ်ဦးကို စတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ရက်တွင် ပြောကြားသည်။
မကြာသေးမီက စစ်ဆေးချက်များအရ ၎င်းသက်ကြီးရွယ်အိုအမျိုးသားသည် ရောဂါအခံရှိသူဖြစ်ပြီး ရောဂါခုခံနိုင်စွမ်း နည်းပါးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံအတွင်း ဇွန်၁၇ရက်က မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ တစ်ဦးကို စတင်တွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း မျောက်ကျောက်ရောဂါဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။
ချီလီနိုင်ငံတွင် မျောက်ကျောက်ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၉ ရက်က စတင်ဆောင်ရွက်ခဲ့သည်။ တောင်အမေရိကဒေသတွင် မျောက်ကျောက်ရောဂါဖြင့်သေဆုံးသူ ၃၀ ရှိသည့်အနက် ဘရာဇီးတွင် ၁၂ ဦး၊ အမေရိကန်နိုင်ငံတွင် ၁၁ ဦး၊ မက္ကဆီကိုတွင် လေးဦး၊ အီကွေဒေါတွင် နှစ်ဦးနှင့် ကျူးဘားတွင် တစ်ဦးသေဆုံးကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ