ဩဂုတ် ၃

ချီလီနိုင်ငံတွင် ရဟတ်ယာဉ်ပျက်မှုကြောင့် လေကြောင်းတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း လေကြောင်းတပ်ဖွဲ့က ဩဂုတ် ၁ ရက်နေ့ကပြောကြားသည်။

အဆိုပါရဟတ်ယာဉ် Bell 412 သည် ဇူလိုင်လ ၃၁ ရက်ညပိုင်းက ချီလီနိုင်ငံ လော့စ်လာဂို့စ်ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် လေတပ်က ဖော်ပြထားသည်။

 လေယာဉ်မှူးနှစ်ဦး၊ လေတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ကယ်ဆယ်ရေးလေတပ်သားတစ်ဦးတို့လိုက်ပါသော ရဟတ်ယာဉ်သည် ညပိုင်းလေ့ကျင့်ပျံသန်းနေစဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

ထိုရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေတပ်ဖွဲ့ဝင်ငါးဦးစလုံး ပျက်ကျသည့်နေရာမှာပင်သေဆုံးခဲ့သည်ဟု သိရသည်။

ချီလီလေတပ်က သေဆုံးသွားသူများ၏မိသားစုဝင်များထံ ကူညီထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချီလီသမ္မတဂါဘရီလ်ဘိုးရစ်က လေတပ်ဖွဲ့ဝင်များသေဆုံးမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို