ဇန်နဝါရီ ၁၇
ချီလီနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားငါးသန်းကျော်လာရောက်လည်ပတ်မှုရှိရာ ၂၀၂၃ ခုနှစ်က ခရီးသွားဝင်ရောက်မှုမှ ၄၀ ရာခိုင်နှုန်းကျော် ပိုမိုများပြားခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၆ ရက်က ပြောကြားသည်။
အဆိုပါနိုင်ငံခြားခရီးသွား ၅၂၃၉၂၃၃ ဦး ဝင်ရောက်မှုသည် ခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်မှုအမှတ်အသားဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၄၀ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်းနှင့် ၂၀၁၉ ခုနှစ် နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု ခရီးသွားလုပ်ငန်း ဒုတိယဝန်ကြီး ဗာရိုနီကာပါဒိုက ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလသည် ခရီးသွားလာရောက်လည်ပတ်မှုအများဆုံးလဖြစ်ပြီး ခရီးသွား ၆၄၇၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ခရီးသွားဝင်ရောက်မှုထက် ၄၇ ဒသမ ၃ ရာခိုင်နှုန်း တိုးလာသည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို