၂၃ ဇွန်

 

 

ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ၂၄၆၉၆၃ ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၅၀၂ ဦး ရှိသည်ဟု က ချီလီကျန်းမာရေးဝန်ကြီး ဌာနက ယမန်နေ့က ပြောကြားသည်။

 

 

တစ်ရက်အတွင်း ထပ်မံကူးစက်ခံရသူ ၄၆၀၈ ဦး ရှိပြီး ကူးစက်ခံရသူ ၂၃ ဦး သေဆုံးခဲ့သည်။

 

 

ကိုဗစ်-၁၉ ကြောင့်ဟု သံသယရှိသော်လည်း အတည်မပြုရသေးသော သေဆုံးမှု ၃၀၆၉ ရှိပြီး သေဆုံးမှု ထပ်မံများပြားလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့က ပြောကြားသည်။

 

 

ချီလီတွင် ရောဂါကူးစက်မှုများ များပြားလာသဖြင့် အစိုးရက အထူးသဖြင့် စန်တီယာဂိုနှင့် မက်ထရိုပိုလစ်တန်ဒေသတို့တွင် သီးသန့်ခွဲခြားထားသည့် နေရာများကို တိုးချဲ့လုပ်ဆောင်ရန် ဦးဆောင်ခဲ့သည်။

 

 

စစ်တပ်နှင့်ရဲများက ညမထွက်ရအမိန့်ကို ပြဌာန်းထားသဖြင့်  ထိုဒေသတွင် အရေးပေါ် အခြေအနေ ဖြစ်နေသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို