ချီဖွေ ၂၄ မတ်

           

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြည်သူ့ကျန်းမားဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍   COVID-19 ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ခြင်းကို လူစည်ကားသည့်နေရာ၊ လမ်းဆုံ၊ လမ်းခွ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များတွင် အသံချဲ့ စက်ဖြင့် ယမန်နေ့ည၇နာရီက လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

           

အဆိုပါအသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ဆောင်ရွက်မှုဖြင့်  ကိုရိုနာဗိုင်ရပ်စ်ရောဂါအကြောင်း ပြည်သူများ သေချာသိရှိနားလည်ပြီး ရောဂါဖြစ်ပွားမှုမရှိစေရန် တစ်ကိုယ်ရေ သန့်ရှင်းစွာ နေထိုင်ရေးနှင့် လူထူထပ်သော နေရာများသို့ သွားရောက်ပါက ဆောင်ရန်ရှောင်နည်းလမ်းများကို သိရှိလိုက်နာစေရန် တို့အတွက် မြန်မာဘာသာဖြင့် နှိုးဆော်ခြင်းနှင့် ဒေသခံမိဘပြည်သူများ ပိုမိုနားလည်စေဖို့ ကချင်ဘာသာဖြင့်ပါ နှိုးဆော်ဆောင်ရွက်အသိပညာပေးခြင်းကို ၂ ညတိုင်တိုင်   ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ဇင်မာဝင်း (ပြန်/ဆက်)