ချီဖွေ ၁၉ ဇွန်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်နှင့် (၁)မိုင်ခန့်အကွာ၊ ချီဖွေ - ဝိုင်းမော် ကားလမ်းဘေးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက မြေကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည်။

 

ကားလမ်းဘေး မြေကမ်းပါးပြိုကျမှုနေရာတွင် ချီဖွေမြို့နယ် မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးဝေ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၁၆) ဦးတို့က ကယ်ဆယ်ရေးလုပ်ငန်းများ၊ မြေစာရှင်းလင်းရေးလုပ်ငန်းများကို  လမ်းဦးစီးဌာန၊ ပုဂ္ဂလိက loder (မြေကော်စက်) ဖြင့် အချိန်နှင့်တစ်ပြေးညီ ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူထိခိုက်မှုမရှိဘဲ  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကမ်းပါး ဆက်လက်ပြိုကျလာပါက ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေဖို့ မြေစာရှင်းလင်းဆောင်ရွက် နိုင်ရန် မြေကော်စက် နှစ်စီး အဆင်သင့် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

နန်းမြင့်