ချီဖွေ ၃၁ မေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း မှီတင်းနေထိုင်သော လော်ဝေါ်၊ လီဆူ ၊ လာချိဒ် တိုင်းရင်းသား လူမျိုးအများစု၏ တစ်နိုင်တစ်ပိုင် ရွှေ့ပြောင်းတောင်ယာစိုက်ခင်းများတွင် ယခုလအတွင်း တောင်ယာစပါးများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
စီးပွားဖြစ် စိုက်ပျိုးခြင်းမဟုတ်ဘဲ မိမိတို့၏ တိုင်းရင်သားရိုးရာ မိရိုးဖလာလုပ်ငန်းအဖြစ်တစ်နိုင် တစ်ပိုင် စိုက်ပျိုးပြီး တစ်မိသားစုလျှင် အနည်းဆုံး တောင်ယာစပါး ၁၂ ပြည် အနည်းဆုံးနှင့်အများဆုံး ၁၆ ပြည်အထိ စိုက်ပျိုးကာ ရိုးရာမိရိုးဖလာ လုပ်ငန်းများ ထိန်းသိမ်းခြင်း၊ မီးဖိုချောင်စရိတ်ကာမိစေရန် တောင်ယာတွင် ရာသီပေါ် မုံညှင်း၊ ငရုတ်၊ ချဉ်ပေါင်၊ ရုံးပတီ စသည့် ဟင်းသီးဟင်းရွက်များ မပြတ်စေဘဲ ရွှေ့ပြောင်းတောင်ယာ စိုက်ခင်းတွင် တစ်နိုင်တစ်ပိုင် မိသားစု မီးဖိုဆောင်စရိတ်ကာမိစေရန် စိုက်ပျိုးခြင်းနှင့် မေလနှင့် ဇွန်လများတွင် အများဆုံးစိုက်ပျိုးကြောင်း ဒေသခံတစ်ဦးမှ ပြောပြသည်။
နန်းမြင့်(ပြန်/ဆက်)


