ချီဖွေ ၂၈  ဇူလိုင်

           

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ ၉၀.၅ ရာခိုင်နှုန်းအထိ ဆောက်လုပ်ပြီးစီးမှုအခြေအနေအား  ပြည်နယ်ရွေးကောက်ပွဲ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်နိုင်မှ ယမန်နေ့ နေ့လည် ၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

           

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်ရုံး အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၊ ကုမ္ပဏီတာဝန်ရှိသူများ နှင့်အတူ ချီဖွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ် ၅၈.၅ သန်းဖြင့် မြစ်ကြီးနားအခြေစိုက် ထော့ဂေါ့ဗောင် ဆောက်လုပ်ရေး ကုမ္ပဏီမှတာဝန်ယူ ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းစတင်သည့် (၁၃.၁.၂၀၂၀)ရက်နေ့မှ (၂၄.၇.၂၀၂၀) ရက်နေ့အထိ လုပ်ငန်းတစ်ခုလုံး၏ ၉၀.၅ ရာခိုင်နှုန်းအထိ ဆောက်လုပ်ပြီးစီးထားရှိမှု အခြေအနေအား လာရောက်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

           

“ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ  လဆန်းတွင် အပြီးသတ် ဆောက်လုပ်ပြီးစီးနိုင်မည်ဖြစ်ပြီး ရုံးဆောက်လုပ်ပြီးစီးသည်နှင့် တစ်ပြိုင်နက် ယခုလက်ရှိ ဖွင့်လှစ်ထားသည့် ရုံးခန်းနေရာမှ ရုံးအဆောက်အဦအသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း မြို့နယ်ကော်မရှင် ဦးစီးအရာရှိ မှ ပြောကြားသည်။

 

နန်းမြင့်၊ ဇင်မာဝင်း(မြို့နယ် ပြန်/ဆက်)