နေပြည်တော် မေ ၂၁
ချီဖွေမြို့နယ်နှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် မေ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် ချီဖွေမြို့နယ်၊ လုပ်ကျေးရွာအုပ်စု၊ ဆော့ဇမ်ကျေးရွာအနီးရှိ ချီဖွေ-ပန်ဝါသွား ကားလမ်းတွင် အတား(ခ)ဆဒိုင်သား မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၃၁ ဒသမ ၅၀၉ ကီလို ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါသျှိုး ကျေးရွာအုပ်စု၊ နမ့်ဝမ်း(၁) ကျေးရွာအနီးရှိ အိုက်လီး ၏နေအိမ်တဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၆၀၀ ကိုလည်းကောင်း၊ ထို့အတူ မေ ယင်းနေ့ ည ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲ (အောက်)ကျေးရွာရှိ လုဘေ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါး များဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်