ချီဖွေ ၂ ဇွန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းအခြေခံပညာကျောင်း(၇၃) ကျောင်းအား ကျောင်းသုံး ဗလာစာအုပ် ၂၅၂၁ ဒါဇင်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ(၅၂၂၄)အုပ် ထုတ်ဝေပေးခြင်းကို မေ ၂၈ ရက်မှ စတင်ကာ ချီဖွေမြို့နယ် အထက ကျောင်း၌ ထုတ်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသုံးဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များ ထုတ်ဝေပေးခြင်းကို မြို့နယ် ပညာရေးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယုယုလိူင်နှင့် အဖွဲ့က ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်နှုန်း၊ ကျေားင်းသုံး ပုံနှိပ်စာအုပ် သင်ရိုးသစ်နှင့် သင်ရိုးဟောင်းနှစ်မျိုးစလုံးကို အခမဲ့ဖြန့်ဝေနိုင်ရေး သက်ဆိုင်ရာ အခြေခံ ပညာအထက်တန်း၊ အလယ်တန်း မူလတန်း ကျောင်းအုပ် ၊ လက်ထောက်ဆရာ/ဆရာမများထံ စနစ်တကျ ထုတ်ဝေပေးနေကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းစာအုပ် ဆရာကိုင်၊ သင်တန်းသားကိုင် တစ်စုံစီ သင်တန်းစာအုပ်(၃၅၇) ဦးအတွက်ပါ ထုတ်ပေးပြီး ကျောင်းသုံးဗလာစာအုပ်များကို မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကိုသာ အခမဲ့ဖြန့်ဝေနိုင်ဖို့ ထုတ်ဝေပေးလျက်ရှိကြောင်း ချီဖွေမြို့နယ် ပညာရေးမှူး ဦးသန်းအောင်ထံမှ သိရသည်။
နန်းမြင့်(ပြန်/ဆက်)


