ချီဖွေ ၁၄ မေ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ယနေ့နံနက် ၁ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ ချီဖွေမြို့နယ် ရစ်လောခေါင်ရပ်ကွက် မြစ်ဆိပ်သွားရာလမ်းပေါ်တွင် လုံးပတ်(၅)ပေခန့်၊ အမြင့်ပေ (၄၀)ခန့်ရှိ သစ်ပင်ကြီး ပြိုလဲကျခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုလဲကျသစ်ပင်အား ချီဖွေမြို့နယ်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး  ဦးအောင်ဖြိုးဝေ နှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ တို့က အချိန်နှင့်တစ်ပြေးညီ သွားရောက်ရှင်းလင်းဖယ်ရှားခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

 

နန်းမြင့်(ပြန်/ဆက်)