ချီဖွေ  ၂၇  ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ရစ်လောခေါင်ရပ်ကွက်နေ ဦးဂျွန်ဝူဒေါင်ဟောင်း (၅၂)နှစ်နှင့် ဒေါ်လွမ်းနော (၄၂)နှစ်တို့သည့် ယနေ့ နံနက် ၁၀ နာရီခွဲက ချီဖွေမြို့ ကန်ပိုင်ယန်ရပ်ကွက်နှင့် (၁)မိုင်ခွဲခန့်အကွာတွင် ဟင်းသီးဟင်းရွက် သွားရောက်ရှာဖွေစဉ် ဒေါ်လွမ်းနောသည် မိုင်းနင်းမိပေါက်ကွဲရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် မြေမြှုပ်မိုင်းနင်းမိသူ ဒေါ်လွမ်းနော၏ ဘယ်ဘက်ခြေဖဝါး ပျက်ရှဒဏ်ရာနှင့် ညာဘက်ခြေသလုံး ညိုမဲဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် တာဝန်ရှိသူများက ချီဖွေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီး ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

နန်းမြင့်၊ခေါင်လွမ်း(မြို့နယ်ပြန်/ဆက်)