ချီဖွေ ၂၀ ဇူလိုင် 

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မျိုးသန့်၊ မျိုးစေ့ထုတ် ရွှေရင်အေးမျိုးသန့် စပါးမျိုးအား သရုပ်ပြ စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဦး နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများပူးပေါင်း၍ စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

 

အဆိုပါ သရုပ်ပြ စိုက်ပျိုးခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ အထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးလာရေးနှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးလာခြင်းဖြင့် တစ်ဧက အထွက်နှုန်း ပိုမို ထွက်ရှိပြီး မိသားစုဝင်ငွေ တိုးတက်လာစေရန်အတွက် ချီဖွေမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့် ရွှေရင်အေးမျိုးသန့်စပါးအား ချီဖွေမြို့ပေါ် ရစ်လောခေါင် ရပ်ကွက် တောင်သူ ဦးခေါင်ဇယ်၏ လယ်မြေတွင် ကွင်းဆင်းသရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

နန်းမြင့်