နေပြည်တော် ၂ ဇန်နဝါရီ 

ပြည်ကြီးတံခွန်မြို့နယ်တွင် ခိုးမှုကျူးလွန်ထားကြောင်း သတင်းရရှိသူအား ခေါ်ယူစစ်ဆေးရာက လက်ကိုင်ဖုန်း ခိုးယူထားမှုများ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ (၅၈×၅၉)လမ်းကြား၊ အောင်ဆန်းလမ်းအရောက် ခိုးမှုကျူးလွန်ထားကြောင်း သတင်းရရှိထားသူ သင်ပန်းကုန်းရပ်နေ ရဲထက် (ခ) တရုတ်ကြီး (၂၁)နှစ်အား တွေ့ရှိ၍ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းသည် ပြည်ကြီးတံခွန်မြို့နယ်၊ ''အာတူလေး'' လက်ဖက်ရည်ဆိုင်အတွင်းမှ SAMSUNG လက်ကိုင်ဖုန်း(၁)လုံးအား လည်းကောင်း၊ (စ)ရပ်ကွက် ဘုရားပွဲဈေးမှ Mi ရွှေရောင်လက်ကိုင်ဖုန်း(၁)လုံးအား လည်းကောင်း ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သောကြောင့် သက်သေခံလက်ကိုင်ဖုန်းများ သိမ်းဆည်းပြီး ရဲထက် (ခ) တရုတ်ကြီးအား စက်မှုနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)