ခိုင်ကမ်း  ၂၀  အောက်တိုဘာ

 

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၉ နှစ်မှ အသက် ၁၀နှစ်အထိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ(အိတ်ချ်ပီဗီ) ကာကွယ်ဆေးကို ယနေ့နံနက် (၁၀)နာရီတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အိတ်ချ်ပီဗီကာကွယ်ဆေးသည် HPV ပိုးကြောင့် ဖြစ်တတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ကြောင်းသိရှိရသည်။

 

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးကို ထိုးနှံပေးနိုင်ရန် ခိုင်ကမ်းမြို့တွင်ရှိသော ၉-၁-၂၀၁၀မှ ၈-၃၁-၂၀၁၁ ရက်နေ့တွင် မွေးဖွားသည့် အသက်၉နှစ်မှ အသက်၁၀နှစ်ကြား မိန်းကလေးငယ်များကို စာရင်းကောက်ခဲ့ရာအယောက် (၃၇)ဦးရှိပြီး အယောက်(၃၇)ဦးလုံးအား အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အိတ်ချ်ပီဗီကာကွယ်ဆေးနှင့် ပတ်သက်သော အမေးများသည့် မေးခွန်းနှင့် အဖြေများပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

 

ဝုန်လွန်းညောင်(ခိုင်ကမ်း)